Connect with us

Politics, Law & Military

နိုင်ငံခြားနေ ဆရာဝန်များ အမိနိုင်ငံ ပြန်လာ နေထိုင်သည့်အပေါ် အခွန်အခများလျှော့မည်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံရပ်ခြားသို့ ထွက်ခွာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကာ မြန်မာနိုင်ငံ၏ PR (Permanent Resident) ရရှိထားသော မူလ မြန်မာနိုင်ငံဖွား အထူးကု ဆရာဝန်ကြီးများနှင့် နိုင်ငံခြားသား အထူးကု ဆရာဝန်ကြီးများအား နိုင်ငံတော်က ကောက်ခံနေသည့် လိုင်စင်ကြေး အပါအဝင် အခွန်အခများကို များစွာ လျှော့ချပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံခြားသို့ ရောက်နေသော မြန်မာ ဆရာဝန်ကြီးများကို ပြန်လာအောင် ဆွဲဆောင်ရန် နိုင်ငံတော်  အကြီးအကဲများကလည်း ပြောထားကြောင်း၊  ဆရာဝန်ကြီးများ ပြန်ဝင်လာပါက နိုင်ငံအတွက် များစွာ အကျိုးရှိမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှာ ကျင့်သုံနေသည့် နောက်ဆုံးပေါ် နည်းပညာများ၊ ကုထုံးများကို မြန်မာနိုင်ငံမှ ဆရာဝန်များ၊ ဆေးကျောင်းသားများကို ပြန်ပို့ချပေးနိုင်မှာ ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လာအောင် ဆွဲဆောင်ရမည် ဖြစ်သောကြောင့် ယခုကိစ္စကို အမြန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြောက်ဥက္ကလာပ မြို့နယ် ြပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း မေးမြန်းနေစဉ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဖြေကြားနေစဉ်။

မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း၏ အမေးကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်ပြီး မူလမေးခွန်းတွင် ပါဝင်သည့် အခြားသော ကန့်သတ်ချုပ်ချယ်မှုများ အတွက်ကိုမူ ဖြေကြားခဲ့ခြင်း မရှိကြောင်း ဒေါက်တာ သန်းဝင်းက မီဒီယာသို့ ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.