Connect with us

Asia

အရှေ့တောင်အာရှ အားကစားပွဲဖွင့်ပွဲနှင့်အတူ ဖိလစ်ပိုင်အား တိုင်ဖွန်းဝင်ရောက်နိုင်

အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပွဲ အမျိုးသားယူ-၂၂ ဘောလုံး ပြိုင်ပွဲတွင် မြန်မာနှင့်မလေးရှားတို့ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ)

အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက် တွင် တရားဝင်ဖွင့်လှစ်မှုနှင့်အတူ နိုဝင်ဘာလ၏နောက်ဆုံးရက်သတ္တပတ်အကုန်၌ ဖိလစ်ပိုင်နိုင်ငံသ့ို တိုင် ဖွန်းကမ်မူရီ(Typhoon Cammuri) ဝင်ရောက်တိုက်ခတ်ရန်ခန့်မှန်းရကြောင်းဖြင့်ဖိလစ်ပိုင် လေထုဆိုင် ရာ၊ဘူမိရူပဗေဒဆိုင်ရာနှင့်နက္ခတ္တဗေဒလုပ်ငန်းများစီမံခန့်ခွဲရေးအဖွဲ့(PAGASA) ကနိုဝင်ဘာလ၂၈ ရက် တွင်ပြောကြားခဲ့သည်။

အဆိုပါရာသီဥတုဆိုင်ရာ PAGASA အဖွဲ့က ကမ်မူရီ သည်တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ နိုဝင်ဘာလ ၂၈ ရက်တွင်ရောက်ရှိလာခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ နိုဝင်ဘာလ ၃၀ ရက်(သို့မဟုတ်)ဒီဇင်ဘာ လ ၁ ရက်တွင်ဝင်ရောက်ရန်မျှော်လင့်ကြောင်းလည်းပြောခဲ့သည်။တိုင်ဖွန်းကမ်မူရီ က ယခုအခါအရှိန် တစ်နာရီလျှင် ၁၃၀ ကီလိုမီတာရှိကာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာရှိကြောင်းလည်း PAGASA ကပြောခဲ့သည်။

PAGASA က တိုင်ဖွန်းကြောင့် မနီလာမြို့တော်တောင်ပိုင်း ဘီကိုလ်ဒေသနှင့် အရှေ့ပိုင်း Visayas ဒေသများတွင်နေရာအနှံ့အပြားမိုးရွာသွန်းကာမိုးသက်လေပြင်းများကျရောက်နိုင်ကြောင်းလည်းခန့်မှန်းထားသည်။အကယ်၍တိုင်ဖွန်းရွေ့ရှားရာလမ်းကြောင်းက မြောက်ဘက်သို့ကွေးသွားမည်ဆိုပါက ၎င်း အနေဖြင့် အရှေ့တောင်အာရှအားကစားပွဲများကျင်းပနေရာ တောင်ပိုင်း(သို့မဟုတ်)အလယ်ပိုင်းလူဇုန် ကျွန်းသို့ဝင်ရောက်နိုင်ကြောင်းလည်း PAGASA ကခန့်မှန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်အာရှအားကစားပွဲ ကျင်းပရေးကော်မတီ အရာရှိချုပ် ရာမွန်ဆူဇာရာ ကအရှေ့တောင်အာရှအားကစားပွဲ၊အထူးသဖြင့်ဖွင့်ပွဲအခမ်းအနားတွင် တိုင်ဖွန်းကမ်မူရီ ကြောင့် ထိ ခိုက်မှုများမဖြစ်စေရန်အသင့်ဆောင်ရွက်ထားကြောင်းဖြင့်ပြောကြားခဲ့သည်။

တိုင်ဖွန်းကမ်မူရီက၂၀၁၉ ခုနှစ်အတွင်းဖိလစ်ပိုင်နိုင်ငံသို့ဝင်ရောက်တိုက်ခတ်သည့်အကြိမ် ၂၀ မြောက မုန်တိုင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.