Connect with us

Asia

တရုတ်နိုင်ငံနှင့် အာဆီယံအကြား လုံခြုံရေးတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး ကတိပြု

၁၃ ကြိမ်မြောက် နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (AMMTC) သို့ တက်ရောက်လာသူများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဒေသတွင်းလုံခြုံရေး ထိန်းသိမ်းရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး နိုဝင်ဘာ ၂၈ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနှင့် မျှဝေမှုရှိသော ဖွံ့ဖြိုးတိုးတက်မှု စည်းမျဉ်းစည်းကမ်းကို မဆုတ်မနစ် လျှောက်လှမ်းပါကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမှုဆောင် ဒုတိယဝန်ကြီး ဝမ်ရှောင်ဟုန်က ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံတို့၏ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများအနေဖြင့် မကြာသေးမီနှစ်များအတွင်း အပြန်အလှန်နိုင်ငံရေး ယုံကြည်မှု ခိုင်မာမှုရှိကြောင်းနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို ပိုမို၍ မြင်တွေ့ခဲ့ရကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် ၁၃ ကြိမ်မြောက် နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (AMMTC) နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်နေစဉ် ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံအားလုံးအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပို၍ကြီးမားသော အကျိုးစီးပွားတွင် ပါဝင်ဆောင်ရွက်ကြရန်၊ နိုင်ငံ လုံခြုံရေးနှင့် တည်ငြိမ်းမှု ထိန်းသိမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး နယ်ပယ်များ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ ဆက်လက်ဆောင်ရွက်ရေး လုပ်ဆောင်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ကြောင်း ဝမ်က ဆိုသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ အပါအဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.