ဟွက်ဟောက် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူယွမ်နယ်မြေတွင် “သိုးကောင်ရေအများဆုံး တစ်ပြိုင်နက်ကင်နိုင်မှု” ဖြင့် ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ချုံကျင်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် China Autonomous Technology & Research Center မှ 5 G ကွန်ရက်နည်းပညာသုံး မောင်းသူမဲ့ မော်တော်ယာဉ်များ မောင်းနှင်နိုင်သည့် နေရာတစ်ခု ကို စမ်းသပ်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။ စမ်းသပ်ဖွင့်လှစ်ထားသည့် နေရာတွင် China...
နေပြည်တော်၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ၂၀၁၈ – ၁၉ ပြည်ထောာင်စု၏ အခွန်အကောက်ဥပဒေအရ ကောက်ခံရရှိရန် မူလ ခန့်မှန်းခြေ လျာထားချက် ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလီယံအနက် ပထမ ခြောက်လပတ် လျာထားချက်သည် ကျပ် ၃၈၇၈ ဒသမ ၅၈၃ ဘီလီယံဖြစ်ပြီး...
နေပြည်တော်၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားကို ပြင်ဆင် လျှော့ချလိုက်သည့် ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင် ဝင်းက တင်သွင်းခဲ့သည်။
မနီလာ၊သြဂုတ် ၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက် သိသာထင်ရှားစွာ တိုးမြင့်လာရာ တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေအဖြစ် ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။