Connect with us

Politics, Law & Military

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၉၉၀၀ လီတာ အား ဖမ်းဆီးရမ

ဖမ်းဆီးရမိသူနှင့် အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၀၁)သည် နေပြည်တော် ၌ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၉၉၀၀ လီတာ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ၁၀:၃၀နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၀၁) နေပြည်တော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လယ်ဝေးမြို့နယ်၊ သာဝတ္ထိ-ပျဉ်းမနား မြို့ရှောင်လမ်းနှင့် နေပြည်တော်လေဆိပ်လမ်းဆုံတွင် သာဝတ္ထိမြို့ဘက်မှ ပျဉ်းမနားမြို့ဘက်သို့ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်နေ ရဲမြင့်(ခ)မိုဟာမက် ၆၄ နှစ် စီးနင်းမောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ကော်ပုံးများဖြင့်ထည့်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၉၉၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၂.၅ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အေလာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.