Connect with us

Politics, Law & Military

စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ အား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်း

နိုင်ငံတော်သမ္မတရုံး ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ နို ဝင်ဘာ ၂၈ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်အစည်းအဝေး၏ သဘောတူညီချက်အရ စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ အား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၁၂၃/၂၀၁၉ ဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို  စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သိရသည်။ 

ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင် နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း တို့အား စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။  (Xinhua)