ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဒါကာ၊ မေ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖန်နီ (Fani) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကောက်ပဲသီးနှံတန်ဖိုးမှာ တာကာငွေ သန်း ၃၈၀ (အမေရိကန်ဒေါ်လာ ၄.၅ သန်း) ခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ခဲ့သည်။
နိုင်ရိုဘီ၊ မေ ၈ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံနှင့်ဆက်စပ်နေသည့် ကင်ညာနိုင်ငံ မြောက်ပိုင်း Marsabitကောင်တီရှိ ကျေးရွာ တစ်ခုတွင် မေ ၆ ရက်က ပဋိပက္ခဖြစ်ပွားရာ ကင်ညာလူမျိုး ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိက မေ ၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ (၅)ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နေ့ကလေးထိန်းစင်တာတစ်ခုမှ ကလေးငယ် ၁၀ ဦးကျော်အား ကားဖြင့်တိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့ကြောင်း မေလ ၈ ရက်တွင် ဒေသခံမီဒီယာက သတင်းဖော်ပြချက်အရ သိရသည်။