Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက မိုးခေါင်ရာသီဥတု လျော့ပါးသက်သာရေးအတွက် ယွမ် သန်း ၈၃၀ ခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ အန်ဟွေ့ပြည်နယ်ရှိ ရေကန်တစ်ခု ခမ်းခြောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မိုးခေါင်ရာသီဥတု လျော့ပါးသက်သာစေရေးနှင့် စိုက်ပျိုးရေးထုတ်လုပ်မှု သေချာစေရေး ယွမ် သန်း ၈၃၀ (အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ၆ သန်း) အသုံးပြုရန် သတ်မှတ်လျာထားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး (MOF) က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရန်ပုံငွေအနက် ယွမ် ၆၀၅ သန်းကို အန်ဟွေ့၊ ဖူကျန့်၊ ကျန်းရှီး၊ ဟဲနန်၊ ဟူပေ၊ ဟူနန်နှင့် ချုံချင်းဒေသ  ပြည်နယ်များတွင် မိုးခေါင်ရာသီဥတု သက်သာရေးနှင့် ရေပေးဝေမှု သေချာစေရေး၌ အသုံးပြုသွားမည် ဖြစ်ကြောင်း MOF က ကြေညာချက်တွင် ပြောကြားထားသည်။

ကျန်ရှိသော ရန်ပုံငွေများကိုမူ ရေဘေး၊ ငလျင်ဘေးနှင့် မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့သည့် ပြည်နယ် ၈ ခုအတွက် ဘေးအန္တရာယ်လျော့ပါးရေး ရန်ပုံငွေအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

အပူချိန်မြင့်မားခြင်းနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းများကြောင့် အန်ဟွေ့၊ ကျန်းရှီး၊ ဟူပေ၊ ဟူနန်နှင့် ချုံချင်း အပါအဝင် ယန်ဇီမြစ်တစ်လျှောက် ဒေသများ၌ မိုးခေါင်ရာသီဥတု ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ဗဟိုအစိုးရအနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများတွင် မိုးခေါင်ရာသီဥတု ကာကွယ်ရေးနှင့် လျော့ပါးရေးအတွက် အဆင့် ၄ အရေးပေါ်တုန့်ပြန်ရေး၊ တရုတ်နိုင်ငံ၏ အဆင့် ၄ နိုင်ငံအဆင့် အရေးပေါ်အခြေအနေ တုန့်ပြန်ရေးစနစ်များ ဆောင်ရွက်ချက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.