ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ နမ့်စန်မြို့ ၏ မြောက်ဘက်(၁၃)မိုင်ခန့်အကွာ တွင် အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
လီမာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ မြောက်ပိုင်း La Libertad နယ်မြေရှိ လျှိုမြောင်တစ်ခုအတွင်းသို့ နိုဝင်ဘာ ၁၂ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျသွားခဲ့ရာ လူ ၁၉ ဦးထက်မနည်းသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူး အမျိုးသား ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဘရာဇီးလီယာ ၊နိုဝင် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရှီကျားကျွမ်း၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် မောင်းသူမဲ့ မြေအောက်ရထားကိုစမ်းသပ် မောင်းနှင် ခဲ့ကြောင်း သိရသည်။ ၎င်းမြေအောက်ရထားမှာ တံခါးအဖွင့်အပိတ်ပြုလုပ်ခြင်း၊ အတားအဆီးများကို အာရုံခံစားနိုင်ခြင်းနှင့် အရေးပေါ်အခြေအနေများ တွင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း တို့အပါအဝင် အချိန်တိုင်းတွင် အလုံးစုံ အလိုအလျောက် မောင်းနှင်နိုင်မည် ဖြစ်သည်။ ရထားကို တရုတ်နိုင်ငံ၏...