Connect with us

North America

တရုတ်နိုင်ငံသမ္မတရှီ BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဘရာဇီးနိုင်ငံသို့ရောက်ရှိ

ဘရာဇီးနိုင်ငံ၌ ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊နိုဝင် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

BRICS ထိပ်သီးအစည်းအဝေးသို့  ဈေးကွက်လျင်မြန်စွာပေါ်ထွန်းလာသော နိုင်ငံများဖြစ်သည့် ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိက စသည့် အဖွဲ့ဝင်  နိုင်ငံများ တက်ရောက်ကြမည်ဖြစ်ပြီး ယင်းထိပ်သီးအစည်းအဝေးကို ဘရာဇီးနိုင်ငံ ဘရာဇီးလီယာမြို့၌ နိုဝင်ဘာ ၁၃-၁၄ ရက်များတွင် ကျင်းပသွားမည်ဖြစ်သည်။

ဘရာဇီးနိုင်ငံသို့ မထွက်ခွာမီ တရုတ်သမ္မတရှီကျင့်ဖိန်သည် ဂရိနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်တစ်ခုသွားရောက်ခဲ့ကြောင်း သိရသည်။(Xinhua)