ဟိုင်နန်၊ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကို အသုံးပြု၍ Shijian-20 ဂြိုဟ်တုအား ဒီဇင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၄၅ မိနစ်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ...
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့(၂)နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဆင်ချစ်သူများ တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။
ပေါင်ဆန်း၊ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) China Railway 18 Bureau Group Co.,Ltd မှ တာဝန်ယူတည်ဆောက်ထားသော ကမ္ဘာ့ ခန်းဖွင့်အကျယ်ဆုံးရထားဖြတ်ကူးဂုံးတံတားကြီးဖြစ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်း(NuJiang)မြစ်ကျော် ရထားလမ်းဂုံးတံတားကြီး၏ ပင်မအစိတ်အပိုင်းကို ဒီဇင်ဘာ ၃၀ ရက်က ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ ၎င်းမှာ...