ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ခန့် က ဆလုံလူမျိုး လူဦးရေ ၆,၀၀၀ ကျော်ခန့်ရှိသော်လည်း ယခုအချိန် တွင် ဆလုံလူမျိုးဦးရေ ၁,၇၀၀ ကျော်ခန့် သာ ကျန်ရှိတော့ကြောင်း၊ လူဦးရေလျှော့နည်းလာခဲ့ကြောင်း ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ၂၀၂ဝပြည့်နှစ်အတွင်း အလုပ်သမားခန့်အပ်မှုဆိုင်ရာ သဘောတူညီချက်ကို လုပ်သား၃၀,၃၅၄ ဦးအတွက် ချုပ်ဆိုပေးနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက် မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ရာ ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း ...
ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ မြောက်ဘက်၂၄၀ ကီလိုမီတာအကွာရှိ နိုင်ငံမြောက်ပိုင်း Xayaboury ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် မှ ၂၈ ရက်အထိ ဆင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့တွင် စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။