Connect with us

Videos

တရုတ်နိုင်ငံတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် မောင်းသူမဲ့ မြေအောက်ရထားကိုစမ်းသပ်မောင်းနှင်

ရှီကျားကျွမ်း၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် မောင်းသူမဲ့ မြေအောက်ရထားကိုစမ်းသပ် မောင်းနှင် ခဲ့ကြောင်း သိရသည်။ ၎င်းမြေအောက်ရထားမှာ တံခါးအဖွင့်အပိတ်ပြုလုပ်ခြင်း၊ အတားအဆီးများကို အာရုံခံစားနိုင်ခြင်းနှင့် အရေးပေါ်အခြေအနေများ တွင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း တို့အပါအဝင် အချိန်တိုင်းတွင် အလုံးစုံ အလိုအလျောက် မောင်းနှင်နိုင်မည် ဖြစ်သည်။ ရထားကို တရုတ်နိုင်ငံ၏ အဓိက မြန်နှုန်းမြင့်ရထား ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် CRRC Tangshan က တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။ ရထားတွဲပေါင်း ၆ တွဲ ပါဝင်ပြီး ခရီးစဉ်တစ်ကြောင်းလျှင် လူပေါင်း ၂၃၀၀ ကို သယ်ဆောင်နိုင်ဟု သိရသည်။ ယခုစမ်းသပ်မောင်းနှင် သည့် မြေအောက်ရထား မော်ဒယ်မှာ အမြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပရှိ ပုံမှန် မြေအောက်ရထားများထက် အရှိန်နှုန်း ၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကြောင်းသိရသည်။ ရထားကိုယ်ထည်ကို အပေါ့စား stainless steel ဖြင့် ပြုလုပ်ထားပြီး ယခင်ရထားများထက် ပိုမိုပေါ့ပါးကာ စွမ်းအင်အသုံးပြုမှု ပိုမိုနည်းပါးသည်ဟုသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.