ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကနဦး သွားရောက်နိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၁၇ ရက်နေ့ထိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၁၅၃ ခု ထုတ်ပေးထားပြီးဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်ဘိနယ်၊ မအူကုန်းရွာအနီး၌ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ အင်/သစ်ယာသစ်/ခွဲသား (၂၂၄) ချောင်း အလေးချိန်အားဖြင့် ၃၉.၄၂၆၄ တန် နှင့် ချိန်းဆော(၁)လက်၊ အင်ဂျင်(၄)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ဇူလိုင်လ ၁၈ ရက်တွင်...
ပေကျင်း၊ ဇူလိုင် ၂ဝ ရက်(ဆင်ဟွာ) ၁ဝကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို လာမည့် ဇူလိုင်လ ၂၅ ရက် မှ ၂၇ ရက်အထိ တောင်အာဖရိကတိုက်ရှိ ဂျိုဟန်းနက်စ်ဘာ့ဂျ်တွင်ကျင်းပမည်ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်က ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးမှစပြီး သမ္မတရှီကျင့်ဖိန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ယခုနှစ် ကျင်းပမည့် ၁ဝ...
အယ်မာတီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အိုလံပစ်ဆုရှင် စကိတ်စီးသမား ဒန်းနစ်တန်း သည် ၎င်း၏ ဇာတိဖြစ်သော ကာဇက်စတန်နိုင်ငံ တွင် ဇူလိုင် ၁၉ ရက် က ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။