ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ က COVID-19 ရောဂါသည် ထိန်းချုပ်၍ ရနိုင်ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံတွင် WHO နှင့် တရုတ် နိုင်ငံမှ ကျွမ်းကျင်သူများ ပူးတွဲပြုလုပ်သော စူးစမ်းလေ့လာမှု တွေ့ရှိချက်များအပေါ် အခြေခံ၍ ရှင်းလင်းသော သတင်းစကား...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲအား ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် ကျင်းပခဲ့ပြီး ပြပွဲတွင် ကျောက်စိမ်းအတွဲရေ ၆၅၆ တွဲ ပါဝင်ပြသထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်၌ အငြင်းပွားဖွယ်နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဒေလီမြို့အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်(CAA) အပေါ် ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ပဋိပက္ခအတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
နင်းရှဟွေ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရင်ချွမ်းမြို့တွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို ကုသရန်နှင့် ကူးစက်ပြန့်ပွားမှုများကိုထိန်းချုပ်ရန်အတွက် ယာယီဆေးရုံတစ်ရုံကို ၁၅ ရက်အတွင်းအပြီးတည်ဆောက်ခဲ့ကြပြီး ဆေးရုံကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ထိုဆေးရသည် နင်းရှ စတုတ္ထမြောက်ပြည်သူ့ဆေးရုံ အဆောက်အအုံဖြစ်ပြီး ယာယီဆေးရုံအဖြစ် ဖေဖော်ဝါရီ...
ဟဲဖေး၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဟဲဖေးပြည်နယ်အခြေစိုက် ဇီဝသုတေသနကုမ္ပဏီတစ်ခုသည် COVID -19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိ လျင်မြန်စွာ စစ်ဆေးနိုင်မည့် ကိရိယာကိုတီထွင်ခဲ့သည်။ ထိုကိရိယာသည် အချိန် ၁၅ မိနစ်အတွင်းရောဂါ ကူးစက်ခံရမှု ရှိမရှိကို ဖော်ထုတ်နိုင်မည်ဖြစ် ကြောင်းသိရသည်။ (Xinhua)