Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံတွင် ပြဇာတ်သရုပ်ဆောင် ၃ ဦးကို ဓားဖြင့်ထိုးမှုကြောင့် ယီမင်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တော်အလယ်၊ ပန်းခြံတစ်ခုရှိ စင်မြင့်ပေါ်၌ တိုက်ရိုက်တင်ဆက်မှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် ပြဇာတ်သရုပ်ဆောင် ၃ ဦး ဓားထိုးခံမှုနှင့်ဆက်နွယ်သည့် ယီမင်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ နိုဝင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ည ၈:၀၀ နာရီက ဖြစ်ပွားခဲ့ကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တော်အလယ်၊ ပန်းခြံတစ်ခုရှိ စင်မြင့်ပေါ်၌ တိုက်ရိုက်တင်ဆက်မှု ပြုလုပ်နေစဉ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရီယတ် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှာကာ အယ်-တူဝေဂျရီ (Shaker Al-Tuwaijri) က ပြောကြားခဲ့သည်။

ဓားထိုးခံရသူ ၃ ဦးမှာ အပေါ်ယံဒဏ်ရာများ ရရှိကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က အတည်ပြုပြောကြားခဲ့သည်။ အသက် ၃၃ နှစ်အရွယ် တရားခံအား ချက်ချင်းဖမ်းမိခဲ့ပြီး ၎င်းထံမှ တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဓားကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူက တိုက်ခိုက်မှုဖြစ်ပွားရသည့် နောက်ကွယ်ကအကြောင်းရင်းအား ပြောကြားထားခြင်းမရှိသလို ဒဏ်ရာရသူများမှာ မည်သူဖြစ်ကြောင်းကိုလည်း အသေးစိတ်ပြောကြားထားခြင်း မရှိပေ။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.