တိုကျို ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံနေရာ အမြောက်အမြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီး ခြင်း၊ မြို့များတွင် ရေဖုံးလွှမ်းခြင်းနှင့် မြေပြိုခြင်းစသည့် ဘေးအန္တရာယ်များဖြစ်ပွားလျက်ရှိရာ ဇူလိုင်လ ၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီ ၃၀ မိနစ်တွင် သေဆုံးသူဦးရေသည် ၆၄...
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်ကြီး၊ ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသောသစ်သားတံတားမှာဘယ်ဘက်ခြမ်းရှိတံတားယက်မကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း၊ ကန်တော်ကြီးတွင် လက်ရှိ ကြံ့ခိုင်မှုနည်းနေပြီး ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲ၍ အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန် ဦးမောင်မောင်စိုး ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ချီကာဂို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင် လူနာတင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူ လေးဦးကို ဆေးရုံသို့ ချက်ချင်းပို့ခဲ့ရကြောင်း ချီကာဂို မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆိုဖီယာ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် အရှေ့အလယ်ပိုင်း ဥရောပ ၁၆ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ဆိုဖီယာမြို့ယဉ်ကျေးမှုနန်းတော်တွင် ကျင်းပသည့် (၈)ကြိမ် မြောက် တရုတ်-အရှေ့အလယ်ပိုင်း ဥရောပနိုင်ငံများ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို...