Connect with us

Asia

သီရိလင်္ကာနိုင်ငံ ကြွေးမြီထောင်ချောက်အခြေအနေမှလွတ်မြောက်စေရေး တရုတ်နိုင်ငံ ကူညီ 

တရုတ်နိုင်ငံ အကူအညီဖြင့်တည်ဆောက်နေသော ကိုလံဘိုမြို့ဆိပ်ကမ်း စီမံကိန်းကိုတွေ့ ရစဉ်(ဆင်ဟွာ)

ကိုလံဘို၊ အောက်တိုဘာလ ၃၀ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနှင့် သီရိလင်္ကာနိုင်ငံအား ကြွေးမြီထောင်ချောက်အခြေအနေမှ ရုန််း ထွက်နိုင်ရေးနှင့် ပြည်သူများ၏လူနေမှုဘဝကောင်းမွန်စေရေးအတွက်ဆိပ်ကမ်းများ၊လမ်းများတည် ဆောက်ခြင်းနှင့်ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်  မှုရှိစေရေးတို့အတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံအမတ် Cheng Xueyuan က အောက်တိုဘာလ ၂၉ ရက်ကပြောကြားခဲ့သည်။

သီရိလင်္ကာ သတင်းစာဆရာများ၊တက္ကသိုလ်ဆရာများနှင့်လက်တွေ့ဆန်သော တရုတ်-သီရိလင်္ကာ ပူး ပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲတစ်ခုတွင် Cheng ကပြောကြားခဲ့ရာ၌ ၂၀၁၈ ခုနှစ်ကုန်တွင် သီရိလင်္ကာ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏နှစ်စဉ်အစီရင်ခံချက်များအရ သီရိလင်္ကာနိုင်ငံ၏ စုစုပေါင်းကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံရှိကြောင်း၊၎င်းတို့တွင်တရုတ်နိုင်ငံသို့ပေး ဆပ်ရန်က အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံခန့်သာရှိ၍ စုစုပေါင်းကြွေးမြီပမာဏ၏ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်းပြောခဲ့သည်။

ထို့ပြင်၎င်းကအကြောင်းရပ်အများအပြားတွင်သီရိလင်္ကာနိုင်ငံအစိုးရကတရုတ်နိုင်ငံထံမှအတိုးနှုန်းနည်း ပါးသောချေးငွေများကိုရယူခြင်းဖြင့် အနောက်နိုင်ငံများ၏ အတိုးနှုန်းပိုမိုမြင့်မားသောချေးငွေများကို ပြန် လည်ပေးဆပ်မှုပြုနိုင်ကာ သီရိလင်္ကာနိုင်ငံအား ကြွေးမြီထောင်ချောက်အခြေအနေမှလွတ်မြောက်စေ ရန်ကူညီခဲ့ပါကြောင်းဖြင့်လည်းပြောခဲ့သည်။

Cheng က တရုတ်နိုင်ငံ၏ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်လမ်းညွှန်မှုအောက်တွင်တရုတ်-သီရိလင်္ကာ ဆက်ဆံရေးကိုပြန်လည်ဆန်းသစ်မှုပြုခဲ့ပြီးပုံမှန်တိုးတက်လျက်ရှိပါကြောင်းဖြင့်လည်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ဆောက်လုပ်ရေးကန်ထရိုက်ချုပ်ဆိုမှု၊နိုင် ငံခြားခရီးသွားလာရောက်မှုပမာဏနှင့် ပြည်ပအထောက်အပံ့ပေးမှုတို့တွင် အကြီးမားဆုံးသောလက်တွဲ ဖက်ဖြစ်လာခဲ့ကြောင်းဖြင့်လည်း ၎င်းကပြောခဲ့သည်။(Xinhua)