Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ဖယ်ခုံ နှင့် ပင်လောင်း မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) 

ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ် နှင့် ပင်လောင်း မြို့နယ်များ အတွင်း စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ၄၉ ဧကခန့် အား ဌာနဆိုင်ရာနှင့် ကျေးရွာနေ ပြည်သူများပါဝင်သောပူးပေါင်းအဖွဲ့က ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စုနှင့် လုံရီကန် ကျေးရွာ အုပ်စုတို့ရှိကျေးရွာများတွင် စိုက်ပျိုးထားရှိသော ဘိန်းစိုက်ခင်း (၁၀) ဧကခန့်အား အောက်တိုဘာ ၂၈ ရက်တွင် လည်းကောင်း ၊ ပင်လောင်းမြို့ နယ်၊ ဘန့်ဘာ ကျေးရွာ အုပ်စု ၊ ပင်ကာလရွာ၏ အရှေ့မြောက်ဘက်တွင်စိုက်ပျိုးထားရှိသော ဘိန်းခင်း (၂၄) ဧကခန့်နှင့် ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘလပလိုကျေးရွာ အနောက်တောင်ဘက်နှင့်လိအိကျေးရွာ အရှေ့ တောင်ဘက် တို့တွင် စိုက်ပျိုး ထားသော ဘိန်းခင်း စုစုပေါင်း (၁၅) ဧကခန့်တို့အား အောက်တိုဘာ ၂၉ ရက်တွင် လည်းကောင်း ပူးပေါင်း အဖွဲ့တို့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ် နှင့် ပင်လောင်း မြို့နယ်များ အတွင်း စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းများအား တပ်မတော် သားများ၊ ဖယ်ခုံအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၆)ပင်လောင်းမှတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြေစာရင်း ဦးစီး ဌာန နှင့် သစ်တောဦးစီးဌာနတို့မှ ဝန် ထမ်းများ၊ ကျေးရွာနေ ပြည်သူများပါဝင်သောပူးပေါင်းအဖွဲ့က ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)