Connect with us

North America

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက F-35 တိုက်လေယာဉ်များ ထပ်မံ ဝယ်ယူရန်သဘောတူ

အမေရိကန်နိုင်ငံ လော့ဒ်ဟီမာတင်ကုမ္ပဏီမှ ထုတ်လုပ်သည့် F-35 တိုက်လေယာဉ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ F-35 Lighting II တိုက်လေယာဉ် ၄၇၈ စင်း ထပ်မံဖြည့်စွက် ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဉီးက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

F-35 လေယာဉ်ဝယ်ယူရေး အစီအစဉ်ဆိုင်ရာ အထူးအရာရှိ အမေရိကန်လေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Eric Fick က သဘောတူညီချက်ထဲတွင် အမေရိကန်လေတပ်အတွက် စံနှုန်းမြင့်ပုံစံဖြင့် ထုတ်လုပ်ထားသည့် F-35A ဂျက်တိုက်လေယာဉ် ၃၅၁ စင်း ၊ မရိမ်းတပ်ဖွဲ့အတွက် အထူးထုတ်လုပ်ထားသည့် ဒေါင်လိုက်ဆင်းသက်နိုင်သော F-35B လေယာဉ် ၈၆ စင်း နှင့် လေယာဉ်တင်သင်္ဘောအခြေစိုက်စစ်ဆင်ရေးများအတွက် အထူးထုတ်လုပ်ထားသည့် F-35C လေယာဉ် ၄၁ စင်း အသီးသီးပါဝင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ လော့ဒ်ဟီမာတင်ကုမ္ပဏီမှ  ထုတ်လုပ်သည့် F-35 တိုက်လေယာဉ်များအားတွေ့ရစဉ်(ဆင်ဟွာ)

လော့ဒ်ဟီမာတင်ကုမ္ပဏီမှ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင်  အမေရိကန်စစ်တပ်အတွက် လေယာဉ် ၂၉၁ စင်း ၊ နိုင်ငံတကာ မိတ်ဖက်များအတွက်  F-35 လေယာဉ် ၁၂၇ စင်း နှင့် နိုင်ငံခြားစစ်လက်နက်ပစ္စည်းဖောက်သည်များအတွက် F-35 လေယာဉ် အစင်း ၆၀ ထုတ်လုပ်ပေးသွားရန် ရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ လော့ဒ်ဟီမာတင်ကုမ္ပဏီမှ  ထုတ်လုပ်သည့် F-35 တိုက်လေယာဉ်များအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့ဒ်ဟီမာတင်ကုမ္ပဏီမှ  ထုတ်လုပ်သည့် F-35 တိုက်လေယာဉ်များအားတွေ့ရစဉ်(ဆင်ဟွာ)

F-35 အစီအစဉ်ကို အမေရိကန်အစိုးရ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်နေပြီး ယင်းသည် သမိုင်းတွင် ငွေကုန်ကြေးကျအများဆုံး စစ်လက်နက်များ ထုတ်လုပ်မှုဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်သည်။ သို့သော် ငွေကုန်ကြေးကျများခြင်း နှင့် အချိန်မီ ပေးပို့နိုင်မှုမရှိြခင်း တို့ကြောင့်လည်း များစွာ ဝေဖန်ခံနေရသည့် အစီအစဉ်တစ်ခုဖြစ်နေသည်။လက်ရှိတွင် F-35 တိုက်လေယာဉ် ၄၄၀ စင်းကို ကမာ္ဘတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ထားခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်စစ်ဌာနချုပ်က ဆိုသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.