ဆစ်ဒနီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဆစ်ဒနီဆိပ်ကမ်း၌ ဇူလိုင် ၃ ရက်က ကြိုးနှင့်ငြိမိပြီး ရေပေါ်တွင် ပေါလော မျောနေသည့် ဝေလငါးတစ်ကောင်ကို ကယ်တင်၍ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ မေလ အထိ လူကုန်ကူးမှု ၈၅ မှုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်း ရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်၊ ကန်၊ တမံ ၇၄ ခုမှ တောင်သူများစိုက်ပျိုးမည့် မိုးစပါး စိုက်ဧက ၃၃၀၀၀၀ ကို ရေလိုအပ်ချက်မရှိ ပြည့်ဝစွာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၃ ရက်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ဘတ်စကက်ဘောအသင်း တို့သည် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ပထမဆုံး ချစ်ကြည်ရေးကစားပွဲအဖြစ် ယနေ့ဇူလိုင် ၄ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။