Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀၄ ဦးရှိပြီဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိဆေးရုံတစ်ခုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူများ ဆေးကုသမှု ခံယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါရရှိသူ ၉ သောင်းကျော် ရှိရာ ၎င်းတို့အနက် ၁၀၄ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးနှင့်မိသားစုလူမှုဖူလုံရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာနချုပ် နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ  ယခုနှစ်အတွင်း အောက်တိုဘာ ၂၁ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၃,၈၀၇ ဦးရှိရာ ၎င်းတို့အနက် ၁၀၄ ဦးသေဆုံးခဲ့ကြောင်းနှင့် ဇူလိုင်၊ ဩဂုတ်လတွင် သေဆုံးသူအများဆုံးဖြစ်ပြီး  ၃၅ ဦးနှင့် ၅၇ ဦးအသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုကာလများတွင် ဘင်္ဂလားဒေ့ရှ်အစိုးရဌာနများက ခြင်နှိမ်နှင်းရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေသလို ခြင်ပေါက်ဖွားမှုလျော့နည်းစေရန် အများပြည်သူကိုလည်း ရေဝပ်ရေအိုင်သောနေရာများကို ရှင်းလင်းကြရန် တိုက်တွန်းထားရာ အောက်တိုဘာလတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း များစွာကျဆင်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.