Connect with us

North America

ကနေဒါနိုင်ငံ တွင် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ထရူးဒိုး၏ လစ်ဘရယ်ပါတီ အနိုင်ရ

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးအား တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) ၏ လစ်ဘရယ်ပါတီက ၂၀၁၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်  အနိုင်ရရှိခဲ့ကြောင်း ကနေဒါ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက် ဖော်ပြချက်အရ သိရသည်။

သို့သော် လစ်ဘရယ်ပါတီအနေဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာ ၃၃၈ နေရာရှိသည့်အနက် ၁၅၆ နေရာရရှိခဲ့ပြီး အစိုးရအဖွဲ့ဖွဲ့ရန်လိုအပ်သည့် အမတ်နေရာ ၁၇၀ နေရာကိုမူ ပြည့်မီခြင်းမရှိပေ။

ထရူးဒိုးအနေဖြင့် နောက်ပိုင်းတွင် အောက်လွှတ်တော်၌ ဉပဒေပြဌာန်းမှုတစ်ခုခု ကျော်ဖြတ်ရန် အနည်းဆုံး ပါတီတစ်ခုခုဖြင့်  ညှိနှိုင်းရန် လိုအပ်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၁၂၂ နေရာရရှိခဲ့ကာ အကြီးဆုံး အတိုက်အခံဖြစ်လာခဲ့သည်။

Bloc Quebecois ပါတီက အောက်လွှတ်တော်တွင် အမတ်နေရာ ၃၂ နေရာရရှိခဲ့ပြီး တတိယအကြီးဆုံးပါတီ ဖြစ်လာခဲ့ကာ နယူး ဒီမိုကရက်တစ်ပါတီမှာမူ အမတ်နေရာ ၂၄ နေရာ ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.