ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ – ၂၀၂၁ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ထပ်တိုးထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ထူထောင်သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားအား အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် အောက်တိုဘာ ဒုတိယပတ်အထိ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် လူ ၇၄ ဦးသေဆုံးခဲ့ပြီး ၅၅,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရကြောင်း ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဌာန၏ အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားချက်အား ကိုးကား၍ အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက လူနာတင်ကားတစ်စီးနှင့် နောက်တွဲယာဉ်တစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်းဒုတိယအသုတ်တွင် ပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသန်း သုံးစွဲခွင့်ရရှိသော စီမံကိန်း ၁၂ ခုထဲမှ စီမံကိန်းတစ်ခုဖြစ်သည့် တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို နေပြည်တော်၌ ယနေ့...