Connect with us

Social

မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်ရေး အထူးရန်ပုံငွေဖြင့် တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်းဒုတိယအသုတ်တွင် ပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသန်း သုံးစွဲခွင့်ရရှိသော စီမံကိန်း ၁၂ ခုထဲမှ စီမံကိန်းတစ်ခုဖြစ်သည့် တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို နေပြည်တော်၌ ယနေ့ စတင်ဖွင့်လှစ်ခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင် ဒေသ ငါးနိုင်ငံ(မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက် နမ်)တို့ ပါဝင်သည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု ဖွံဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အစီအစဉ်ဖြစ်သော အဆိုပါ မဲခေါင်- လန်ချန်း စီမံကိန်းကာလမှာ၂၀၁၈ – ၁၉ မှ ၂၀၁၉- ၂၀ အထိ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေး လက်ဒေသ ဖွံ ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများ ဖြစ်ကြောင်း၊ ယနေ ့ ဖွင့်လှစ်သည့် Training Course on Food Processing သင်တန်းကို မဲခေါင်-လန်ချန်းစီမံကိန်းဒုတိယ အသုတ်အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းသား / သူ ၂၁ ဦး တက်ရောက်မည့် ယခု သင်တန်းမှာ ပထမဆုံး သင်တန်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေက ပြောကြားခဲ့သည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ အဖွင့်အမှာစကား ပြောကြားစဉ်  (ဆင်ဟွာ)

ထို ့အပြင် အမြဲတမ်းအတွင်း၀န်က “တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်ရေး နည်းပညာ သင်တန်း တွေ ပို ့ချတာဟာ မြန်မာနိုင်ငံရဲ့ လူမှု စီးပွားဘ၀ ဖွံ ့ဖြိုး တိုးတက်ရေးအတွက် များစွာ အကျိုးပြုမှာ ဖြစ်ပါတယ်၊ ဒီသင်တန်းဟာ စီမံကိန်းရဲ့ ပထမဆုံး အကြိမ် ဖွင့်လှစ်တဲ့ သင်တန်း ဖြစ်ပြီး နေပြည်တော် အပါအ၀င် ပြည်နယ်နဲ့ တိုင်း အားလုံးမှာ ဆက်လက် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ ဖွံ ့ဖြိုး တိုးတက်ဖို့ စဉ်ဆက်မပြတ် ပံ့ပိုး ကူညီပေးနေတဲ့ တရုတ်ပြည်သူ ့ သမ္မတနိုင်ငံ အစိုးရကို ကျေးဇူးတင်၇ှိပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

စီမံကိန်း အကြောင်း ရှင်းလင်း တင်ပြသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခွန်အေးနိုင်က “ဒေသထွက် သီးနှံ ကုန်ကြမ်းတွေကို အခြေခံတဲ့ ဘေးအန္တာရာယ် ကင်းရှင်းပြီး အာဟာရ ပြည့်၀တဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ရေး၊ ဒေသခံ ပြည်သူတွေရဲ့ စားသောက်ကုန် အန္တရာယ် ကင်းရှင်းမှု ဆိုင်ရာ အသိပညာ တိုးပွားလာစေရေးနဲ့ ့ အသေးစား စက်မှု လက်မှု လုပ်ငန်းတွေ ဖွံ ့ဖြိုးလာစေရေးအတွက် ရည်ရွယ်ပြီး ဒီ Training Course on Food Processing စီမံကိန်းကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတို ့တွင် ၂၀၁၉ မှ ၂၀၂၁ အတွင်း အဆိုပါ သင်တန်းမျိုး ၃၄ ခု (၂၀၁၉ မှ ၂၀၂၀ အတွင်း ၃၂ ခုနှင့် ၂၀၂၀ မှ ၂၀၂၁ နှစ်ဆန်းတွင် နှစ်ခု) ဖွင့်လှစ်သွားမည် ဖြစ်ရာ ထိုသို ့ သင်တန်း ၃၄ ခု ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ သုံးသိန်း ဘတ်ဂျက်ခွဲတမ်း ရရှိထား ကြောင်းစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ စီမံကိန်း ညွှန်ကြားရေးမှူး ဦးဆွေတင့်က ရှင်းလင်း ပြောကြားခဲ့သည်။

သင်တန်းတွင် ဆန်အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်အမျိုးမျိုး၊ ပဲအခြေခံ တန်ဖိုးမြင့် စားသောက် ကုန် အမျိုးမျိုး၊ တာရှည်ခံ သီးနှံခြောက်များ၊ သဘာ၀ သစ်သီးဖျော်ရည်၊ ယို၊ ဂျယ်လီဆော့စ်နှင့် ၀ိုင်အမျိုးမျိုး ထုတ်လုပ်ခြင်းများ၊ ရေခဲမုန် ့အမျိုးမျိုး၊ ကိတ်မုန် ့၊ ပေါင်မုန် ့နှင့် ကွတ်ကီးအမျိုးမျိုး၊ ဘီစကစ် အမျိုးမျိုး ပြုလုပ်ခြင်း၊ စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အာဟာရ ပြည့်၀ ရေးဆိုင်ရာ စီမံခန် ့ခွဲမှု နည်းလမ်းများကို စာတွေ ့လက်တွေ ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.