Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၇၄ ဦးရှိ

သွေးလွန်တုပ်ကွေးရောဂါပိုး ရှိနေသည့် ခြင်တစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် အောက်တိုဘာ ဒုတိယပတ်အထိ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် လူ ၇၄ ဦးသေဆုံးခဲ့ပြီး ၅၅,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရကြောင်း ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဌာန၏ အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားချက်အား ကိုးကား၍ အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၈ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၅,၈၉၄ ဦး ရှိခဲ့ကြောင်း၊ ယင်းအနက် ကိုလံဘိုခရိုင်တွင် ရောဂါဖြစ်ပွားမှုအများဆုံး မှတ်တမ်းဝင်ခဲ့ပြီး ၁၁,၈၅၄ ဦးရှိခဲ့ကြောင်း၊ ဂမ်ပါဟာခရိုင်၌ ၈,၉၇၆ ဦး၊ ကာလူတာရာခရိုင်တွင် ၅,၄၅၆ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။ရောဂါဖြစ်ပွားမှုအများဆုံး ခရိုင် ၅ ခု ခွဲခြားသတ်မှတ်ခဲ့ပြီး ၎င်းတို့မှာ သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ ကိုလံဘို၊ ဂမ်ပါဟာ၊ ဂေလ်လီ၊ ကာလူတာရာ စသည့် ခရိုင်များနှင့် တောင်အလယ်ပိုင်းရှိ ရတ်နာပူရခရိုင်တို့ဖြစ်ကြောင်း ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဌာန၏ ပြောကြားချက်အရ သိရသည်။

၂၀၁၈ ခုနှစ်က အဆိုပါ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅၈ ဦးသာရှိခဲ့ပြီး ယခုနှစ် ၁၀ လတာကာလအတွင်း သေဆုံးသူ အရေအတွက်မှာ ၇၄ ဦးအထိ ရှိခဲ့သဖြင့် “သတိထားဖွယ်ရာ” ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။ထို့ပြင် ၎င်းတို့က ပြည်သူများကိုလည်း ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ ထိန်းချုပ်မရအောင် အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်းနှင့် ဆီးသွားနည်းခြင်းများ ခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူရန်၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ပထမဆုံးဖျားနာသည့်နေ့တွင်ပင် ဆေးရုံသို့သွားရောက်ရန် တိုက်တွန်းထားခဲ့သည်။၂၀၁၈ ခုနှစ်က သီရိလင်္ကာနိုင်ငံတွင် ခြင်ကြောင့်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစက်ခံရသူ ၄၈,၀၀၀ ဦး ကျော်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117