တီဟီရန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က အမေရိကန်အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း တရားမဝင် တည်ရှိနေခြင်းကိုရပ်တန့်ရန် အောက်တိုဘာ ၁၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ယီမင် နိုင်ငံ သမ္မတ Abdrabbuh Mansur Hadi က အောက်တိုဘာ ၁၅ ရက် ၌ လက်ရှိ ဝန်ကြီးချုပ် Ben Dager အား ရာထူး မှ ထုတ်ပယ်ပြီး Abdulmalik...
ဟောင်ကောင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း နယူးကယ်လီဒိုးနီးယားကျွန်းများရှိ Tadine မြို့အရှေ့ဘက် ၁၆၂ ကီလိုမီတာတွင် အောက်တိုဘာလ ၁၆ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၀၁း၀၃း၄၆ နာရီအချိန်က ၆.၈ ပမာဏရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၌ နောက်ထပ် လူပေါင်း ၅ သန်းကျော် အစာရေစာမလုံလောက်မှုပြဿနာနှင့်ကြုံတွေ့ဖွယ်ရှိနေရာ နိုင်ငံအတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်သူ အရေအတွက်မှာ ၁၃.၄ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရှီချန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3B ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ ဖြင့် BeiDou-3 တည်နေရာပြဂြိုဟ်တု ၂လုံးကို အောက်တိုဘာ ၁၅ ရက် နေ့လည် ၁၂း၂၃နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။