Connect with us

North America

အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ဝင် ဟမ်ဇာ ဘင်လာဒင် ကိုအမေရိကန်က အသေ ဖမ်းမိ

အိုစမာဘင်လာဒင်၏ သားဖြစ်သူ အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ဝင် ဟမ်ဇာ ဘင်လာဒင် ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊စက်တင်ဘာ ၁၄(ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် က အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်၏ သားဖြစ်သူ အယ်လကေးဒါးအဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်တင်ဦးဖြစ်သော ဟမ်ဇာ ဘင်လာဒင် ကို အမေရိကန်၏ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုတွင် အသေရမိခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်နံနက်ကအတည်ပြုပြောကြားခဲ့သည်။

အိမ်ဖြူတော်မှထုတ်ပြန်သောကြေညာချက်တွင် အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ဝင် ဟမ်ဇာ ဘင်လာ ဒင် ကို အာဖဂန်နစ္စတန်/ပါကစ္စတန် နိုင်ငံများ၏ ဒေသအတွင်းပြုလုပ်သော အမေရိကန်၏ အကြမ်း ဖက်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုတွင် အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်းဖေါ်ပြခဲ့သည်။

ဒေါ်နယ်လ်ထရမ့် ကကြေညာချက်တွင် အသေဖမ်းဆီးရမိသူမှာ ဟမ်ဇာ ဘင်လာဒင် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။၎င်းက အယ်လ်ကေးဒါး၏ခေါင်းဆောင်မှုဖြင့် အကြမ်းဖက်လုပ်ရပ်များကိုဆောင်ရွက် ခဲ့သူဟု အမေရိကန်အစိုးရကစွပ်စွဲထားသည်။

ဤကြေညာချက်က စက်တင်ဘာလ ၁၁ ရက် နယူးယော့ခ်မြို့အကြမ်းဖက်မှုကြီး ၁၈ နှစ်ပြည့်အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဟမ်ဇာဘင်လာဒင်ကို ၁၉၈၉ ခုနှစ်က ဆော်ဒီအာရေးဘီးယားတွင် မွေးဖွားခဲ့သည်။ ၎င်း၏ဖခင် အယ်လ်ကေး ဒါး အကြမ်းဖက်အဖွဲ့တည်ထောင်သူနှင့်ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်အား အမေရိကန်တို့က ပါကစ္စတန်တွင် လျှို့ဝှက်စစ်ဆင်ရေးတစ်ခုအတွင်း ၂၀၁၁ ခုနှစ်၊မေလ ၂ ရက်က သတ်ဖြတ်နိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.