Connect with us

Politics, Law & Military

တရုတ်အမျိုးသားကွန်ဂရက်တည်ထောင်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနား၌ ပြောကြားခဲ့သော သမ္မတရှီကျင့်ဖိန်၏ မိန့်ခွန်းကို ပုံနှိပ်ထုတ်ဝေမည်

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)၏ ပထမအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန် မိန့် ခွန်းပြောကြားစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုရေးအဖွဲ့ဖြစ်သည့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) တည်ထောင်ခြင်း နှစ် ၆ဝ ပြည့်အခမ်းအနား၌ ပြောကြားခဲ့သော တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ မိန့်ခွန်းကို စက်တင်ဘာ ၁၆ ရက်တွင် Qiushi ဂျာနယ်၏ အမှတ်စဉ် ၁၈ ၌ ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတ နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပြည်သူ့ကွန်ဂရက် စနစ်ကို အဆင့်အတန်း တိုးမြှင့်ပြီး တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.