ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ကိဗ်၊မေ၃ဝ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ART ရုပ်မြင်သံကြားအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ ရုရှားနိုင်ငံသားသတင်းသမား Arkadiy Babchenko သည် မေလ ၂၉ ရက်တွင် ကိဗ်မြို့(Kiev) ၌ အသတ်ခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ချုံကျင်း၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကျင်းရှိ ကြိုးတံတားသစ်ကြီးအားအများ ပြည်သူအသုံးပြုရန် ဖွင့်လှစ်ခြင်းမပြုမီ တန်ချိန်မြင့်ထရပ်ကားပေါင်း ၄၈စင်း စုစုပေါင်း တန်ချိန် ၁၆၈ဝ တန် အလေးချိန်ကို တံတားပေါ်တွင် တစ်ပြိုင်နက် ဖြတ်သန်းကာ တံတား၏ကြံခိုင်မှုရှိမရှိ ကိုစမ်းသပ်ခဲ့သည်။ ဆွမ်ရှီး မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသော ထိုကြိုးတံတားတွင် ကြိုးများချိတ်ဆက်မှုလျော့ရဲခြင်းရှိမရှိ၊ အလေးချိန်...
ရန်ကုန်။ မေ ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အခွန်ထမ်းပြည်သူများ အနေဖြင့် မည်သည့် ဘဏ်မှမဆို အွန်လိုင်း မှ အခွန်ပေးဆောင်ခြင်းအား ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ဗဟိုဘဏ်က စတင် ဆောင်ရွက်လျက်၇ှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကရှင်းလင်း ပြောကြားခဲ့သည်။