Connect with us

Sport

မြန်မာနိုင်ငံတွင် Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် လက်ခံကျင်းပ

မြန်မာနိုင်ငံ ကြက်တောင်အားကစား တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၀ ရက် က Myanmar International Series 2019 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် စတင်ကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊World Badminton Federation၊Badminton Asia နှင့် Myanmar Baminton Federation တို့ပူးပေါင်းဆောင်ရွက်သည့်မြန်မာနိုင်ငံတွင် ပထမဦးဆုံး လက်ခံကျင်းပသော Myanmar International Series 2019 နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ရန်ကုန်မြို့ အမျိုးသားကြက်တောင် အားကစားခန်းမ အမှတ် ၃၂၀-၃၃၂ အနော်ရထာလမ်းတွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အားကစားသမားစုစုပေါင်းအယောက် ၁၃၀ ကျော် ခန့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာအမျိုးသားတစ်ဦးချင်း၊အမျိုးသမီးတစ်ဦးချင်း၊အမျိုးသားနှစ်ယောက်တွဲ၊အမျိုးသမီးနှစ်ယောက်တွဲ၊အမျိုးသား-အမျိုးသမီးနှစ်ယောက်တွဲ စသည်ဖြင့်ကျင်းပသွားမည် ဖြစ်ကြောင်း၊မြန်မာနိုင်ငံ မှအားကစားသမားစုစုပေါင်း ၁၃ ဦးပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

“International Level (နိုင်ငံတကာ အဆင့်)ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ အောင်မြင်မှုတစ်ခုလောက်တော့ မှန်းထားတယ်”ဟု မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်လွင်က ဆင်ဟွာသို့ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.