Connect with us

Asia

မလေးရှားနိုင်ငံတွင် လေထုအရည်အသွေး ဆိုးရွားမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

မလေးရှားနိုင်ငံရှိ စာသင်ကျောင်းတစ်ကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်တွင် မီးခိုးမြူများ ဖြစ်ပွားနေခြင်းကြောင့် လေထုအရည်အသွေးမှာ ဆက်လက်ဆိုးရွားနေသဖြင့် စာသင်ကျောင်းများ ပိတ်ခဲ့ရကြောင်း ပြည်နယ် ပညာရေးဌာနက စက်တင်ဘာလ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ကျောင်းသား ၁၅၀,၀၀၀ ကျော် တက်ရောက်နေသော ခရိုင် ၉ ခရိုင်ရှိ မူလတန်းကျောင်း ၃၄၇ ကျောင်းနှင့် အလယ်တန်းကျောင်း ၆၂ ကျောင်း ပိတ်ခဲ့ရကြောင်း အဆိုပါ ဌာနက ကြေညာချက်တွင် ပြောကြားထားသည်။

ထိုပြည်နယ်ရှိ နေရာများစွာ၌ လေထုအရည်အသွေးမှာ လေထုညစ်ညမ်းမှုညွှန်းကိန်း (API) ၁၂၀ နှင့် ၁၈၆ မှတ် ကြားတွင် ရှိနေပြီး “ကျန်းမာရေးနှင့်မလျော်ညီ” ကြောင်း မလေးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်ဌာန၏ အဆိုအရ သိရသည်။

မလေးရှားနိုင်ငံ၏ API သတ်မှတ်နှုန်းမှာ သုညမှ ၅၀ အထိအား “ကောင်း” ၊ ၅၁ မှ ၁၀၀ အထိအား “အလယ်အလတ်” ၊ ၁၀၁ မှ ၂၀၀ အထိအား “ကျန်းမာရေးအတွက် ဆိုးဝါး”၊ ၂၀၁ မှ ၃၀၀ အထိအား “ကျန်းမာရေးအတွက် အလွန်မကိုက်ညီ” နှင့် ၃၀၁ မှအထက်ကို “အန္တရာယ်ရှိ” ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

အကယ်၍ ခရိုင်တစ်ခုတွင် API နှုန်း ၂၀၀ ကျော်သွားပါက ကျောင်းများအား ချက်ချင်း ပိတ်ထားရမည် ဖြစ်ကြောင်း သိရသည်။

မီးခိုးမြူများဖြစ်ပွားရသည့်အကြောင်းရင်းမှာ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ အပါအဝင် ဒေသတွင်း တောမီးများ လောင်ကျွမ်းခြင်းကြောင့်ဖြစ်ကြောင်း စွမ်းအင်၊ နည်းပညာ၊ သိပ္ပံ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.