ဂျနီဗာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း မွေးကင်းစ ကလေးငယ် ထက်ဝက်ခန့်ဖြစ်သော သန်း ၆၀ နီးပါးသည် အသက် ၅ နှစ် မပြည့်မီ သေဆုံးမှု ဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများမှ အောက်တိုဘာလ ၁၉ ရက်တွင်...
ကန်ဒါဟာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် မေဝမ်းခရိုင်၌ ညသန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၄၃ဦးခန့် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ကိယတ်ဗ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအရှေ့ပိုင်း Kharkiv မြို့တွင် အောက်တိုဘာ ၁၈ ရက်က လမ်းသွားလမ်းလာများအား ယာဉ်တစ်စီးဖြင့်ဝင်တိုက်မိ၍ အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရားမဝင် လိုင်စင်မဲ့လက်နက်/ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ မော်တော်ယာဉ်များ လက်ဝယ်ထားရှိခြင်းမပြုဘဲ သက်ဆိုင်ရာသို့ အပ်နှံကြရန်နှင့် တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။