ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မကြာသေးမီက ကျမ်းသစ္စာကျိန်ဆိုထားသော အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ IS အစွန်းရောက်အုပ်စုအား တိုက်စစ်ဆင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄မိုင် ၂ဖာလုံခန့်တွင် ဖြစ်ပွားခဲ့သော ကားမီးလောင်ပြီး လူ၈ဦးသေဆုံးမှုတွင် အသက်ရှင် ကျန်ရစ်သူ အမျိုးသားကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ၊ မိုင်ဒါကွင်း၌ ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စေရန် တပ်မတော်အနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၃ ရက်တွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဘက်ကုန်သွယ်ရေး (TPP ) အဖွဲ့မှ အမေရိကန်နိုင်ငံနှုတ်ထွက်ရန် အတွက် သမ္မတအမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။