နယူးယောက်၊ မေ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်ဖီဆိုင်ကြီးဖြစ်သော Starbucks က စတိုင်းဆိုင်အတွင်း ပစ္စည်းများဝယ်ယူမှုမပြုပါဘဲနှင့်လည်း ကော်ဖီဆိုင်အတွင်းရှိ ရေအိမ်များ အသုံးပြုခြင်းနှင့် ဆိုင်အတွင်း ဝင်ရောက်ထိုင်ခြင်းတို့ကို ခွင့်ပြုရန် မူဝါဒအသစ်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက် (Telecommunication Tariff Directive) အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အဆိုပါမူကြမ်းအပေါ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးရန်ရှိပါက (၃၀-၆-၂၀၁၈) နောက်ဆုံးထား၍ ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတပြန်သည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Mekong MoU Senior Officials Committee Meeting, SOC)အား မေ ၂၁ ရက်မှ စတင်၍ ယနေ့ မေ ၂၂ ရက် အထိ ၂...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ ပူးပေါင်းပြီး ကင်းလှည့်မှု ၃၆ကြိမ် ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင် လမ်းမပေါ်တွင် မေ ၂၁ ရက်နေ့တွင် ကျပ်သိန်းပေါင်း ၄၈၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။