Connect with us

Local

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကိုးရက်မြောက်နေ့တွင် ယူရိုငွေ ၁၆၂ ဒသမ ၉၁၃သန်းဖိုး ရောင်းချနိုင်

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ  ကိုးရက်မြောက်နေ့တွင် ယူရိုငွေ ၁၆၂ ဒသမ ၉၁၃သန်းဖိုး ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ၂၀၁၉ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း၌ ကျင်းပလျက်ရှိခဲ့ကြောင်း၊ ယင်းနေ့တွင် ပြည်တွင်းပြည်ပရတနာကုန်သည်များက စိတ်ကြိုက်ကြည့်ရှုလေ့လာ၍ ဈေးနှုန်းတင်သွင်းလွှာများ ရေးသားတင်သွင်းထားသည့် ကျောက်စိမ်းအတွဲအမှတ် (၅၂၁၂)မှ (၆၅၁၁)အထိ အတွဲပေါင်း(၁၃၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်စိမ်းအတွဲ (၁၀၇၇)တွဲကို ယူရိုငွေ ၁၆၂ ဒသမ ၉၁၃သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

 

ပြပွဲတွင် ပြည်တွင်းပြည်ပရတနာကုန်သည်များက စက်တင်ဘာ ၂၅ ရက်တွင် ဆက်လက်ရောင်းချသွားမည့် ကျောက်စိမ်းအတွဲအမှတ် (၆၅၁၂)မှ (၇၈၁၁)အထိ ကျောက် စိမ်းတွဲများကို စိတ်ကြိုက်လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာ (Bidding Form) များကို တင်ဒါပုံများအတွင်း ထည့်သွင်းကြကြောင်း သိရသည်။

 

ယနေ့ ပြပွဲတွင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ဖွင့်လှစ်ထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲနှင့် ပယင်းအချောထည်ပစ္စည်းဆိုင်များတွင်လည်း ပြည် တွင်းပြည်ပ ရတနာကုန်သည်အများအပြား ဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။(Xinhua)