Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်း ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရရှိ

ခရီးသည်ယာဉ် တိမ်းမှောက်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်း ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ခရီးသည်တင် မှန်လုံယာဉ်သည် မျက်နှာချင်းဆိုင် လာသော ယာဉ်အား ရှောင်တိမ်းရာမှ ကားဘီးချော်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ခရီးသည်ယာဉ်တိမ်းမှောက် လဲကျ၍ ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် အမျိုးသား(၃၁)ဦး၊ အမျိုးသမီး(၁၄)ဦး၊ စုစုပေါင်း (၄၅)ဦး အနက် အမျိုးသား (၇)ဦး၊ အမျိုးသမီး(၆)ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသနိုင်ရန် တင်ပို့ထားရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်၍ ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးထွန်းဇော်ဦးအား မလှိုင်မြို့ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.