Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများအားတွေ့ရ စဉ်(CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းဆတ်မြို့နယ်၊ ဝမ်မိုင်(အာခါ) ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊အဆိုပါ အိမ်၏ အိပ်ခန်းအတွင်းရှိ ဆာလာအိတ်ထဲမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၆ဝ သိန်း)၊ စိတ်ကြွဆေးမှုန့် ၄ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄ဝဝ သိန်း)၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ M 22 သေနတ် ၁ လက်၊ အရှည် ၂ ပေ ၄ လက်မခန့် Right Magazine Capacity စာတန်းနှင့် ထိုင်းစာတန်းပါ သေနတ် ၁ လက်၊ M 22 ကျည် ၈၀ တောင့်နှင့် ၅.၅၆ ကျည် ၁၂၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ အား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)