ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ တောင်ထူထပ်သော ဗားမောင့်ပြည်နယ်တွင် လူ ၃ ဦး လိုက်ပါလာသော ဂလိုက်ဒါ (Glider) တစ်စင်း သြဂုတ်လ ၂၉ ရက်က ပျက်ကျခဲ့ကြောင်း ဒေသခံမီဒီယာက သတင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်းရှိ နိမ့်ကျသွားသော ဆွာချောင်းတံတားအတွက် ယာယီဘေလီ တံတားထိုးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း Songkla မြို့ ၌် သြဂုတ် ၂၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဆေးခြောက် ၄၀၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဆိုပြုစာတွဲ တင်သွင်းထားပြီးဖြစ်၍ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS-International Council on Monuments and Sites) အဖွဲ့ မကြာမီလာရောက် စစ်ဆေး မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသည့် ရန်ကုန်-မန္တလေး လမ်းအဟောင်းကို ယနေ့ပြုပြင်ပြီး မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။