Connect with us

Videos

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၁၀၅ ဦးထိ မြင့်တက်

ရန်ကုန် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ ရက်အထိ သေဆုံးသူ ၁၀၅ ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါကြောင့် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၆ ရက် အထိ ရာသီတုပ်ကွေးဖြစ်ပွားသူ ဦးရေမှာ ၅၉၃ ဦး ရှိရာ သေဆုံးသူ ၁၀၅ ဦးထိ ရှိလာပြီး ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၁,၄၂၀ဦး ရှိကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ဦးရေအများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယအများဆုံး ပဲခူးတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.