Connect with us

Videos

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံ/မြေပြိုမှုများကြောင့် လူ ၉၀ သေဆုံးပြီး ၆၅ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်မှ သြဂုတ် ၂၆ ရက်ထိ ရေကြီးရေလျှံ/မြေပြိုမှုများကြောင့် လူ ၉၀ ဦးသေဆုံးပြီး ၆၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ခုနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ ရေကြီးခြင်း၊မြေပြိုခြင်းတို့ကြောင့် လူဦးရေ ၂သိန်း ၁သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း၊ အဆိုပါ ရေကြီးရေလျှံ/မြေပြိုကျမှုကြောင့် စုစုပေါင်းလူ ၉၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ “ ဒီနှစ်သဘာဝဘေးအန္တရာယ်တွေထဲမှာ မွန်ပြည်နယ် မြေပြိုမှုကြောင့် သေဆုံးတဲ့လူရော ဒဏ်ရာရတဲ့လူရော အများဆုံးပါပဲ” အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် နေပြည်တော်တို့၌ ရေဘေးရှောင်စခန်းများ ပိတ်သိမ်းပြီးနေရပ်ပြန်ရွှေ့ပြီဖြစ်ပေမဲ့ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရေဘေးရှောင်စခန်းများ ဆက်လက်ဖွင့်ထားရဆဲဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ခုတွင် ရေဘေးရှောင်စခန်း ၄၀၀ ခန့် ဖွင့်လှစ်ခဲ့ရကြောင်း အဆိုပါ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်သိန်း ၄၆၀ဝ ကျော် ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.