ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက် အရ မကြာမီကာလအတွင်း နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)၌ အမျိုးသား ၁ ဦးမှ ငွေများလုယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
လီမာ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ နှင့် ဘိုလီးဗီးယားနိုင်ငံ တို့ နှင့် ထိစပ်နေသော ပီရူးနိုင်ငံ နယ်စပ်တွင် သြဂုတ် ၂၄ ရက်က ကနဦးတိုင်းထွာချက်အရ ရစ်ချ်တာစကေး ၇.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။
ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကို YCDC ကိုလွှဲအပ်ပြီးအဆင့်မြှင့်တင်ရေး၊ YGNကားလိုင်စင်ပြန်ပေးနိုင်ရေးစီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆောင်ရွက်မှုများကို မီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။