ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆင်းရဲမွဲတေမှု ဆန့်ကျင်ရေး တိုက်ပွဲအား အနိုင်ရရှိအောင် အခိုင်အမာ တိုးမြှင့်လုပ်ဆောင်ကြရန် ယနေ့ (အောက်တိုဘာလ ၉ ရက်) တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်အနီးက အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး ကျောင်းသား ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ အဝတ်လျှော်ဆိုင်တစ်ခု၌ အောက်တိုဘာ ၉ရက်တွင် အဝတ်အခြောက်ခံစက် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မကွေးမြို့၌ ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှု ကြောင့် အမျိုးသမီး(၁၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ပါလက်စတိုင်းဘက်မှ အစောပိုင်းကာလတွင် အစ္စရေးဘက်သို့ ဒုံးကျည်တစ်ခုဖြင့် ပစ်ခတ်ခဲ့သော်လည်း အစ္စရေးပိုင်နက်ထဲသို့ မရောက်ရှိဘဲ ပျက်ကျသွားပြီးနောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ စစ်စခန်းအား အောက်တိုဘာ ၈ရက်တွင် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။