Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲမှုအတွက် ကုလသမဂ္ဂကြိုဆို

ဆီးရီးယား စစ်ပြေးဒုက္ခသည်များ၏ ကလေးငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲကြောင်း သြဂုတ်လ ၁ ရက်ညပိုင်းက ထုတ်ပြန်သည့် ကြေညာချက်အပေါ် ကုလသမဂ္ဂအနေဖြင့် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ် (Stephane Dujarric) က သြဂုတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

ညသန်းခေါင်ယံမှစ၍ လေကြောင်းတိုက်ခိုက်မှုများ မရှိတော့သော်လည်း နိုင်ငံမြောက်ပိုင်း ဟာမာပြည်နယ်တွင် အမြောက်ပစ်ခတ်မှုများ ရှိနေသည်ဟု သတင်းများ ရရှိထားကြောင်း ကုလသမဂ္ဂ ညှိနှိုင်းမှုနှင့် လူသားချင်းစာနာထောက်ထားမှုရေးရာရုံး၏ ပြောကြားချက်အား ကိုးကား၍ ဒူဂျာရစ်က ဆိုသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့တည်ထောင်မှုနှင့်အတူ ကြေညာချက်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ကုလသမဂ္ဂက ပဋိပက္ခနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံး၊ အဲဒီအဖွဲ့အစည်းတွေအပေါ် လွှမ်းမိုးမှုရှိသူများနဲ့ အရပ်သားများနှင့် အရပ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံအား ကာကွယ်ရန် ၎င်းတို့၏ တာဝန်ယူမှု၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေရှိ ကွဲပြားခြားနားမှု အချိုးကျ စောင့်ထိန်းမှု လုပ်ထုံးလုပ်နည်းများအား သတိပေးလိုက်ပါတယ်” ဟု ဒူဂျာရစ်က ပြောခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117