အန်ကာရာ၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အမေရိကန်နိုင်ငံတွင် သမ္မတအဖြစ်ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့် အား ဆန္ဒပြရန် လမ်းများပေါ်၌ ထောင်ပေါင်းများစွာသော အမေရိကန်နိုင်ငံသားများ နေရာယူထားခဲ့သည်မှာ လေးရက်မြောက်ရှိပြီဖြစ်သည့်အတွက် တူရကီနိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီးသွားလာမှုအား နိုဝင်ဘာ ၁၂ရက်က သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာဆီယံဒေသတွင်း အဆင့်မြင့်ပြိုင်ပွဲကြီးဖြစ်သည့် AFF Suzuki Cup 2016 ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပရမည်ဖြစ်သည့်အတွက် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် CCTV ကင်မရာ အလုံး ၅၀ ကိုလည်း ကွင်းပတ်ပတ်လည်နှင့် ပွဲကြည့်စင်များ...
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ခရိုင် ရှိ ဘုရားကျောင်းတစ်ခုတွင် နိုဝင်ဘာ ၁၂ရက်ညက အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၄၀ဦးထက်မနည်းသေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ပြည်တွင်း ရုပ်သံလိုင်း Abb Takk က ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် အမျိုးသမီးများ...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Oregon ပြည်နယ် Portland မြို့ တွင် ဒေါ်နယ်ထရမ့် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေစဉ် အတွင်း အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ တစ်ရက်တည်းတွင် ခရီးသည် တင်ယာဉ် Express (၃)စီးယာဉ်မတော်တဆမှု ဖြစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။