ဟနွိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ နိုင်ငံတကာ စက်ဘီးပြပွဲအား ပထမဆုံးအကြိမ်အဖြစ် မြို့တော် ဟနွိုင်းတွင် နိုဝင်ဘာလ ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက်တိုက်ခိုက်သမားများဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အဆင့်အလိုက် ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိ ရရှိနေသော မူရင်းလစာ၏ နှစ်ဆ တိုးပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ဂျကာတာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် အရှေ့ ဂျာဗားပြည်နယ်၌ နိုဝင်ဘာလ ၁၆ ရက် ညသန်းခေါင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ ဒါဇင်များစွာ ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး အေဂျင်စီက နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။
မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် မိခင်နိုင်ငံ ပြင်ပ၌ နေထိုင်ကြသော နိုင်ငံတကာမှ ပြည်သူများက မဲလ်ဘုန်းမြို့မှာ ကမ္ဘာပေါ်၌ နေချင့်စဖွယ် အကောင်းဆုံးမြို့ဖြစ်ကြောင်း ပြောကြားကြသည်ဟု နိုင်ငံတကာ လေ့လာမှု စစ်တမ်း တစ်ခုအရ သိရသည်။