Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ ၁၅၀ ကျော်ရှိ


နယူးဒေလီ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်းများ၌ နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုများကြောင့် နေရာအမြောက်အမြား တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ သေဆုံးသူ ၁၅၀ ကျော် ရှိပြီဖြစ်ကြောင်း အိန္ဒိယမီဒီယာများ ၏ ဇူလိုင် ၂၀ ရက် သတင်းများအရ သိရသည်။

ရေဘေးဒဏ်အဆိုးဝါးဆုံးခံနေရသော ဘီဟာ(Bihar)ပြည်နယ်တွင် လူ ၁၀၀ နီးပါးသေဆုံးခဲ့ပြီး အာသံ(Assam)ပြည်နယ်တွင် လူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း ၊မီဇိုရမ်(Mizoram)ပြည်နယ်နှင့် ဥတ္တရာပရာဒက်ရှ်(Uttar Pradesh)ပြည်နယ်တွင် လူသေဆုံးမှုများရှိကြောင်း PTIသတင်းများအရ သိရသည်။အိန္ဒိယ စစ်တပ်နှင့် အမျိုးသားဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့(NDRF)တို့မှ ရေဘေးသင့်နေရာများတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုများအား တွေ့စဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုများအား တွေ့စဉ်(ဆင်ဟွာ)

အာသံ(Assam)ပြည်နယ်တွင် လူပေါင်း ၁၅၀,၀၀၀ ခန့်ကို ကူညီကယ်ဆယ်ရေးစခန်း ၇၅၅ ခုတွင် နေရာချထားကြောင်း ယင်းပြည်နယ် အရာရှိတစ်ဦးက ဆိုသည်။

ဘီဟာ(Bihar)ပြည်နယ်တွင် လူပေါင်း ၁၂၀,၀၀၀ ခန့်ကို ကယ်ဆယ်ရေးစခန်းများတွင် နေရာချပေးထားရကြောင်း ယင်း အရာရှိတစ်ဦးက ဆင်ဟွာကို ဖုန်းဖြင့်ပြောကြားခဲ့သည်။ ကူညီကယ်ဆယ်ရေးစခန်းများမှာ အစားအစာ၊ဆေးဝါးစသည့်တို့ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် မိုးရာသီဖြစ်ရာ ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117