Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး အတွင်း မြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၂၅ ကျောင်း ခေတ္တ ပိတ်ထား

မန္တလေးတိုင်းဒေသကြီး အတွင်း မြစ်ရေမြင့်တက်လာမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ - Myanmar Fire Services Department )

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မတ္တရာ ၊ တံတားဦး နှင့် အမရပူရ မြို့နယ်တို့တွင် ဧရာဝတီ မြစ်ရေ မြင့်တက်မှု ကြောင့် ဇူလိုင် ၂၀ ရက်တွင် စာသင်ကျောင်း စုစုပေါင်း ၂၅ ကျောင်း ခေတ္တ ပိတ်ထားရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်မှု အရ သိရသည်။

မတ္တရာ မြို့နယ်၊ မြွေပုသိမ်ကျေးရွာရှိ စာသင်ကျောင်း ၂ ကျောင်း ၊ တံတားဦးမြို့နယ်၊ မုန့်တီစု ကျေးရွာပါ ၁၁ ရွာ၌ စာသင်ကျောင်း ၁၁ ကျောင်း နှင့် အမရပူရမြို့နယ်၊ ရွှေလေးကျေးရွာပါ ၁၁ ရွာ၌ စာသင်ကျောင်း ၁၂ ကျောင်း တို့အား မြစ်ရေ မြင့်တက်မှုကြောင့် ခေတ္တ ပိတ်ထားကြောင်း သိရသည်။

ဧရာဝတီ မြစ်ရေသည် ယနေ့ဇူလိုင် ၂၁ ရက် ၊ မြန်မာ စံတော်ချိန် ၁၁ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ မန္တလေးမြို့တွင် ၁ ပေခန့် နှင့် စစ်ကိုင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန် နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်သို့ ပြန်လည် ကျဆင်း နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)