Connect with us

Environment, Disasters & Accidents

မြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်း နှင့် မကွေး တိုင်းဒေသကြီးတို့တွင် လူဦးရေ ၂,၇၀၀ ကျော် ရွှေ့ပြောင်း

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြစ်ရေ မြင့်တက်မှုကြောင့် ရွှေ့ ပြောင်းမှုများ ပြုလုပ်နေသည်ကို တွေ့ ရစဉ် (ဓာတ်ပုံ - Myanmar Fire Services Department )

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် လူဦးရေ ၂,၇၉၆ ဦး သည် ဇူလိုင် ၂၀ ရက်တွင် ရေဘေး လွတ်သည့် နေရာသို့ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ယနေ့ထုတ်ပြန်မှု အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းမြို့နယ်၊ ဒါးဝယ်ဈေးရပ်ကွက်ပါ ကျေးရွာရပ်ကွက် ၁၄ ခုရှိ အိမ်ထောင်စု ၅၆၆ စု၊ လူဦးရေ ၂၃၃၇ ဦးတို့သည် နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း ၊ ထီးချိုင့်မြို့နယ်၊ ဝန်တင်ကုန်း(ဆပ်ကျ)ကျေးရွာပါ ၄ ရွာရှိ အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၂၃၅ ဦးတို့မှာ ရေလွတ် သည့် နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်း မြစ်ရေမြင့်တက်မှုကြောင့် ချောက်မြို့နယ်၊ (၇)ရပ်ကွက်ရှိ အိမ်ထောင်စု ၅၁ စု၊ လူဦးရေ ၂၂၄ ဦးတို့မှာ ရေလွတ်သည့် နီးစပ်ရာ ရပ်ကွက်များသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း သိရသည်။

ဧရာဝတီ မြစ်ရေသည် ယနေ့ဇူလိုင် ၂၁ ရက် ၊ မြန်မာ စံတော်ချိန် ၁၁ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ မန္တလေးမြို့တွင် ၁ ပေခန့် နှင့် စစ်ကိုင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန် နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်သို့ ပြန်လည် ကျဆင်း နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117