နယူးယောက် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတရားသူကြီးများက မက္ကဆီကိုနိုင်ငံသား ဘိန်းဘုရင် “El Chapo” ဟုလူသိများသည့် ဂူဇ်မန်း(Guzman) အား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ပြုလုပ်သည့် တရားခွင်ကြားနာမှုအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့သည့်အတွက် အမေရိကန်အနေဖြင့် တူရကီအား F-35 ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။(Xinhua)
နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ယနေ့ ပြုလုပ်ခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီတို့ တွေ့ဆုံပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် သုံးလအတွင်း ( အောက်တိုဘာ လ...
ထျန်ကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်းသည့် စီမံကိန်းတစ်ခုဖြစ်သောထျန်ကျင်း Eco-city တစ်မြို့လုံးတွင် ယခုနှစ်ကုန်ပိုင်း၌ 5Gကွန်ယက်နည်းပညာ အသုံးပြုမှု တိုးတက်လာလိမ့်မည်ဟု အဆိုပါမြို့ ၏ စီမံခန့်ခွဲမှုဗျူရိုက ဇူလိုင်လ ၁၆ ရက် တွင်ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လာမည့် အောက်တိုဘာ ၂၁ ရက်မှ ၂၇ရက် အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပမည့် ၂၀၁၉ ခုနှစ် အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ အတွက်အုပ်စု မဲခွဲပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Pavilion...